ဆင်တွေ ဘာကြောင့် ပြာငွေ့ ရှူ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဆင်တွေ ဘာကြောင့် ပြာငွေ့ ရှူ

အိန္ဒိယနိုင်ငံ Karnataka ပြည်နယ် Nagarhole တောအုပ်ထဲမှာ တောဆင်ရိုင်း တကောင်က ပြာတွေ ရှူပြီး မှုတ်ထုတ်နေတဲ့ မှတ်တမ်း ရုပ်သံတို တခု ကြောင့် ကမ္ဘာတဝန်းက တောရိုင်း တိရစ္ဆာန်အရေး ကျွမ်းကျင်သူတွေ ဦးနှောက်ရှုပ်သွား ပါတယ်။

ဆင်တွေ ပြာရှူပြီး မှုတ်ထုတ်တဲ့ အလေ့အထနဲ့ ပတ်သက်လို့ သိပ္ပံပညာရှင်တွေဆီမှာ ရှင်းလင်းတဲ့ အဖြေမရှိသေးဘူးလို့ ဆိုပါတယ်။

၂၀၁၆ ခုနှစ် ဧပြီလမှာ တောအုပ်ထဲကို သွားခဲ့တဲ့ အိန္ဒိယ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့က သိပ္ပံပညာရှင် Vinay Kumar ဒီအလေ့အထကို ၄၅ စက္ကန့်ကြာ ဗွီဒီယိုနဲ့ မှတ်တမ်းတင်ထားခဲ့တာ ဖြစ်ပါတယ်။

ရုပ်သံမှာ ရှုစားနိုင်ပါပြီ။

ဆက်စပ် အကြောင်းအရာများ