အီဂျစ်သမ္မတ ရွေးကောက်ပွဲ

အီဂျစ်သမ္မတ ရွေးကောက်ပွဲ

၃ ရက်ကြာ ကျင်းပခဲ့တဲ့ အီဂျစ်သမ္မတရွေးကောက်ပွဲမှာတော့ လက်ရှိသမ္မတ အဒဲလ် ဖာတယ်လ် အယ် စီးစီး ကပဲ အနိုင်ရခဲ့တယ်လို့ အီဂျစ်နိုင်ငံပိုင် မီဒီယာက ကြေညာလိုက်ပါတယ်။

မဲပေးဖို့ လူပေါင်း သန်း ၆၀ မှတ်ပုံတင်ထားပေမယ့် တကယ့်တကယ်မဲပေးတဲ့ အရေအတွက်က အဲဒီ့ထက် နည်းလိမ့်မယ်လို့ ယူဆရပါတယ်။

သမ္မတ အယ်စီးစီးဟာ သူနဲ့ သဘောထား မတိုက်ဆိုင်တဲ့ အတိုက်အခံတွေကို ချေမှုန်းတတ်တာကြောင့် ဒီရလာဒ်ထွက်လာတာဟာ အထူးအဆန်းတော့ မဟုတ်ပါဘူး။

အပြည့့်အစုံကိုတော့ ကိုမင်းထက်က ပြောပြပေးမှာပါ။