ရုရှားနဲ့ အနောက်နိုင်ငံတွေကြားက သံတမန်ရေး ဖိအား

ရုရှားနဲ့ အနောက်နိုင်ငံတွေကြားက သံတမန်ရေး ဖိအား

ရုရှားက အမေရိကန် သံအမှုထမ်း ၆၀ ကို ပြည်နှင် ဒဏ်ပေးခဲ့တာနဲ့ ပတ်သက်လို့ အမေရိကန်ဘက်ကလည်း နောက်ထပ် အရေးယူမှုတွေ လုပ်ကောင်း လုပ်ရလိမ့်မယ်လို့ ပြောလိုက်ပါတယ်။

ယူကေမှာ ရုရှား သူရှိ ဆာဂေ စကရီပဲလ်နဲ့ သမီးဖြစ်သူကို အဆိပ်နဲ့ လုပ်ကြံခဲ့တဲ့နောက်မှာ အနောက်နိုင်ငံတချို့နဲ့ ရုရှားတို့ အကြား တဘက်နဲ့ တဘက် အပြန်အလှန် တုန့်ပြန် နေကြတာလည်း ဖြစ်ပါတယ်။

ရုရှားကတော့ အဲဒီ တိုက်ခိုက်မှုမှာ ဘာမှ ပါဝင်ပတ်သက်မှု မရှိဘူးလို့ငြင်းထားပါတယ်။ အဲဒီ အဆိပ်နဲ့ တိုက်ခိုက် ခံခဲ့ရတဲ့ သမီး ဖြစ်သူ ယူလီယာ စကရီပဲလ်ဟာ အခုဆို သတိပြန်ရလာပြီ ဖြစ်ပြီး စကားလည်း ပြောနိုင်တယ်လို့ ဆိုပါတယ်။

ဦးဘမော်က ပြောပြမှာပါ။