မြောင်းမြ ရေလမ်းကြောင်း ပြန်ဖွင့်ပေးဖို့ ကြိုးစားနေ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြောင်းမြတံတား ကျိုးမှု တိုင်းဝန်ကြီးချုပ်နဲ့ မေးမြန်းခန်း

ဧရာဝတီတိုင်းထဲက မြောင်းမြ မြစ်ကူးတံတား ကြိုးပြတ်ကျပြီး တံတားကျိုးခဲ့တဲ့ ဖြစ်ရပ်အပေါ် ဧရာဝတီ တိုင်းဒေသကြီး အစိုးရ စုံစမ်းနေပါတယ်။

တံတားကျိုးတုန်း ကုန်တင်ကားတစ်စီး မြစ်ထဲ ကျသွားခဲ့ပြီး၊ ယာဉ်ပေါ်ပါလာသူ ၂ ဦး အသက် ဆုံးရှုံးခဲ့ရပါတယ်။

လောလောဆယ်မှာတော့ တံတားရဲ့ အစိတ်အပိုင်းတွေကို ဆယ်ယူနေပြီး၊ ရေလမ်းကြောင်း ပြန်ဖွင့်ပေးဖို့ လုပ်ဆောင်နေတယ်လို့ တိုင်းဒေသကြီး အစိုးရ က ပြောပါတယ်။

တံတားကြိုးပြတ် ကျရတဲ့ အကြောင်းရင်း အပေါ် စစ်ဆေးနေတဲ့ အခြေနေတွေနဲ့ ပတ်သက်လို့ ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။