ယီမင်မှာ လူသန်း ၂၀ ကျော် အကူအညီတွေ လိုအပ်

ယီမင်မှာ လူသန်း ၂၀ ကျော် အကူအညီတွေ လိုအပ်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ၃ နှစ်ကြာ ပြည်တွင်းစစ် ဖြစ်နေတဲ့ ယီမင်မှာ အခြေအနေတွေက ကမ္ဘာပျက်နေသလို ပဲ လို့ ဆိုလိုက်ပါတယ်။ ဂျနီဗာမှာ ကျင်းပတဲ့ အလှူရှင် နိုင်ငံများ ညီလာခံမှာ အန်ထော်ညူ ဂူထားရက်စ်က တိုက်ခိုက်နေကြတဲ့ သူတွေကိုလည်း စားနပ်ရိက္ခာနဲ့ဆေးဝါးတွေ တိုင်းပြည်တွင်းကို ပေးသယ်ကြဖို့ သဘောတူညီချက် တခု ရအောင်ယူကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ယီမင်ထဲမှာ လူပေါင်း ၂၇ သန်းရှိတဲ့အထဲက ၂၂ သန်းဟာ အကူအညီတွေ လိုအပ်နေတာဖြစ်ပါတယ်။

ကိုအောင်သွင်က ပြောပြမှာပါ။