တောင်ကိုရီးယားက MeToo လှုပ်ရှားမှု
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တောင်ကိုရီးယားက MeToo လှုပ်ရှားမှု

ကမ္ဘာတလွှား မှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် စော်ကားမှုတွေကို သတိပြုမိလာစေဖို့ လှုပ်ရှားနေတဲ့ ကျွန်ုပ်လည်း အတူတူပါပဲ ဆိုတဲ့ MeToo လှုပ်ရှားမှုတွေကို တောင်ကိုရီးယားမှာလည်း တက်တက်ကြွကြွ လှုပ်ရှားနေကြပါတယ်။

တောင်ကိုရီးယား ဟာ ရှေးရိုးစွဲအယူအဆတွေ လက်ကိုင်ထားဆဲဖြစ်သလို ဖွင့်ဖြို့းပြီး နိုင်ငံတွေထဲမှာလည်း အမျိုးသား အမျိုးသမီး လုပ်ခ လစာ ကွာဟ ချက်အများဆုံး နိုင်ငံလည်းဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ အမျိုးသမီး ရာပေါင်းများစွာဟာ သူတို့ရဲ့နစ်နာမှုတွ၊ အတွေ့အကြုံတွေကို လူသိရှင်ကြား ပြောကြားလာကြပြီဖြစ်ပါတယ်။ ဘီဘီစီက အဲဒီလို ပြောကြားလာခဲ့သူ အမျိုးသမီးတဦးနဲ့တွေ့ဆုံနိုင်ခဲ့ပါတယ်။ မရီရီအောင်က ပြောပြမှာပါ။