တောင်အာဖရိက ပြည်သူတွေ အားကျ ဂုဏ်ယူတဲ့ ဝင်နီမင်ဒဲလား

တောင်အာဖရိက ပြည်သူတွေ အားကျ ဂုဏ်ယူတဲ့ ဝင်နီမင်ဒဲလား

အသက် ၈၁ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တဲ့ တောင်အာဖရိက သမ္မတကတော်ဟောင်း ဝင်နီမင်ဒဲလားကို ကမ္ဘာတဝန်းက ဂုဏ်ပြုစကားတွေပြောကြားနေကြပါတယ်။ အရင် သမ္မတဟောင်း နယ်ဆင်မင်ဒဲလားရဲ့ ဇနီးဖြစ်ခဲ့သူ ဝင်နီ မင်ဒဲလားဟာ တောင်အာဖရိက အသားအရောင် ခွဲခြားမှု ဆန့်ကျင်ရေးတွေမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ တောင်အာဖရိက သမ္မတ ဆီရဲလ် ရမ်မာ ပိုဆာက သူဟာ တောင်အာဖရိကပြည်သူ သန်းပေါင်းများစွာကို ဂုဏ်ယူအားကျ စေခဲ့တယ်လို့ ပြောပါတယ်။ နောက်ပြီး သူဟာ လူဖြူ အုပ်ချုပ်မှုကို ဆန့်ကျင်ခဲ့သူ တဦး ဖြစ်ပေမယ့် သတင်းပေးတွေကို သတ်ဖြတ်ဖို့ ခွင့်ပြုခဲ့တာကြောင့်လည်း နာမည်ပျက် ခဲ့ရဖူးတာလည်း ရှိပါတယ်။ သူ့အကြောင်း ကို ရှုစားရအောင်ပါ။ ကိုကျော်ဇေယျက ပြောပြမှာပါ။