တောင်ကိုရီးယား သမ္မတဟောင်းကို ထောင်ဒဏ် ၂၄ နှစ်ချမှတ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တောင်ကိုရီးယား သမ္မတဟောင်းကို ထောင်ဒဏ် ၂၄ နှစ်ချမှတ်

တောင်ကိုရီးယား နိုင်ငံမှာလည်း အရင် သမ္မတဟောင်း ပါတ်ဂွမ်ဟေးကို အဂတိလိုက်စားမှု၊ အာဏာကို အလွဲသုံးစား လုပ်မှုတွေနဲ့ဒီနေ့ တရားရုံးက ထောင်ဒဏ် ၂၄ နှစ် ချမှတ်လိုက်ပါတယ်။ သူဟာ တောင်ကိုရီးယား ကုမ္ပဏီတွေ ဆီကနေ သူ့ အရင်းနှီးဆုံး မိတ်ဆွေ ဦးစီးထားတဲ့ ဖောင်ဒေးရှင်း အတွက် အလှူငွေ ဒေါ်လာ သန်းပေါင်းများစွာ တောင်းခံခဲ့တယ်ဆိုတာတွေနဲ့ ပတ်သက်လို့ စစ်ဆေး ခဲ့တာဖြစ်ပါတယ်။ ပတ်ဂွမ်ဟေးဟာ တောင်ကိုရီးယား မှာ ရွေးကောက်တင်မြှောက်ခံရတဲ့ ပထမဆုံး အမျိုးသမီး သမ္မတလည်းဖြစ်ပါတယ်။ ဒါပေမယ့် သူနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေထွက်လာခဲ့တဲ့ နောက်ပိုင်းမှာ သူ့ရဲ့ လူကြိုက်များမှုလည်း ကျဆင်းသွားခဲ့ပြီး နောက်ဆုံးမှာ စွပ်စွဲ ပြစ်တင်ခံရတဲ့အထိ ဖြစ်ပြီး တာဝန်ကနေပါ ဆင်းပေးခဲ့ရတာဖြစ်ပါတယ်။

ကိုမင်းထက်က ဆက်ပြောပြမှာပါ။

ဆက်စပ် အကြောင်းအရာများ