ဆီးရီးယားက ဒူမာမြို့မှာ ဓာတုလက်နက်သုံး တိုက်ခိုက်ခဲ့သလား
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဆီးရီးယားက ဒူမာမြို့မှာ ဓာတုလက်နက်သုံး တိုက်ခိုက်ခဲ့သလား

ဆီးရီးယားက သူပုန် တွေ ထိန်းချုပ်ထားတဲ့ ဒူမာ မြို့မှာ ဓာတုလက်နက် သုံးခဲ့တယ်လို့ သံသယ ဖြစ်စရာ ရှိတဲ့တိုက်ခိုက်မှု နဲ့ပတ်သက်လို့ နိုင်ငံတကာကလည်း ရှုတ်ချလိုက်သလို ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီမှာ အရေးပေါ် အစည်းအဝေးကျင်းပသွားဖို့ရှိပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် လူ ပေါင်း ၇၀ ထက်မနည်း သေဆုံးသွားပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။ သမ္မတ ထရမ့်ကလည်း အာဆတ်ဒ်အစိုးရကို အပြစ်တင်လိုက်ပြီး ဒါအတွက် ကောင်းကောင်း ပေးဆပ်သွားရလိမ့်လို့လည်း ပြောလိုက်ပါတယ်။

ဒါပေမယ့် ဆီးရီးယားရော ရုရှားကပါ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ငြင်းဆိုထားသလို မော်စကိုကလည်း အမေရိကန်ကို စစ်ရေးအရအရေးယူ ဆောင်ရွက်တာတွေ မလုပ်ဖို့ သတိပေးထားပါတယ်။

အခု ပြသမယ့် သတင်းထဲမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ပုံရိပ်တွေ ပါလာနိုင်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။

ကိုအောင်သွင်က ပြောပြမှာပါ။

ဆက်စပ် အကြောင်းအရာများ