မက္ကဆီကိုမှာ လူသတ်မှုတွေ များနေတာ ဘာကြောင့်လဲ။

မက္ကဆီကိုမှာ လူသတ်မှုတွေ များနေတာ ဘာကြောင့်လဲ။

မက္ကဆီကို နိုင်ငံမှာတော့ လာမယ့် ဇူလိုင်လ ၁ ရက်နေ့ဆိုရင် သမ္မတ ရွေးကောက်ပွဲ ကျင်းပတော့မှာပါ။

ဒါပေမယ့် တစ်ဖက်မှာလည်း ကြိုတင် ကြံစည် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ မူးယစ်ဆေးဝါး ပြဿနာတွေကြောင့် လူသတ်မှုနှုန်းကလည်း နှစ်ပေါင်း နှစ်ဆယ်အတွင်း အမြင့်ဆုံး ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၁၇ ခုနှစ်မှာဆိုရင် လူသတ်မှု ၃ သောင်းထိတောင် ဖြစ်ခဲ့ပါတယ်။

ဒီနှစ်မှာလည်း လူသတ်မှုနှုန်းက လျော့ကျမသွားပဲ နေ့စဉ် လူသတ်မှု ၇၁ မှုလောက် ဖြစ်ပွားနေပါတယ်။

လူသတ်မှု အဆိုးဆုံး ဖြစ်နေတဲ့ အကာပူဂို Acapulco မြို့ကို ဘီဘီစီ က သွားရောက်သတင်းယူခဲ့ပါတယ်။

ဒီအကြောင်း ကိုအောင်သွင်က ပြောပြပေးမှာပါ။