ဆီးရီးယားအရေး အနောက်နိုင်ငံတွေနဲ့ ရုရှားကြား တင်းမာမှု
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဆီးရီးယားအရေး အနောက်နိုင်ငံတွေနဲ့ ရုရှားကြား တင်းမာမှု

အနောက်နိုင်ငံတွေနဲ့ ရုရှားတို့ကြား ဆက်ဆံရေးဟာ စစ်အေးခတ်နောက်ပိုင်း အဆိုးဆုံး အခြေအနေမှာ ရှိနေတယ်လို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဘရော့်က ဘီဘီစီကို ပြောပါတယ်။

ဆီးရီးယားနိုင်ငံ ဂူတာ အရှေ့ပိုင်းမှာ ဓာတုလက်နက်နဲ့ တိုက်ခိုက်ခံရတဲ့ နေရာကို ရုရှားတို့က ပုံစံပြောင်းလဲထားနိုင်ဖွယ် ရှိတယ်လို့ ပြောဆိုမှုတွေ ရှိနေတဲ့ အကြောင်း နိုင်ငံတကာ ဓာတုလက်နက်တားဆီးရေးအဖွဲ့ OPCW က အမေရိကန် သံတမန် Kenneth Ward က ဆိုပါတယ်။

ပြင်သစ်သမ္မတ အီမာနျူရယ် မက်ခရွန်းကလည်း ဆီးရီးယားကနေ အမေရိကန် တပ်တွေ မရုတ်သိမ်းဖို့ ပြောခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံတွင်း နောက်ဆုံးအခြေအနေကိုတော့ ကိုကျော်ဇေယျက ပြောပြပေးမှာပါ။