ကင်ဂျုံအွန်းထံ ငွေပြန်ပို့ပေးနေရတဲ့ ပြည်ပရောက် မြောက်ကိုရီးယားတွေ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကင်ဂျုံအွန်းထံ ငွေပြန်ပို့ပေးနေရတဲ့ ပြည်ပရောက် မြောက်ကိုရီးယားတွေ

မြောက်ကိုရီးယား လုပ်သား တစ်သိန်းကျော်လောက်ဟာ သူတို့နိုင်ငံအတွက် ငွေရှာပေးဖို့ ပြည်ပနိုင်ငံတွေကို သွားရောက်လုပ်ကိုင်နေတယ်လို့ ယူဆရပါတယ်။

ဒီငွေတွေဟာ ကင်ဂျုံအွန်းရဲ့ နျူးကလီးယား အစီအစဉ်ထဲကို ထည့်ဝင်ပေးနေရတာပါ။

အခုတော့ ရုရှား၊ တရုတ်နဲ့ ပိုလန်နိုင်ငံတွေမှာ လျိုဝှက်စွာ လှုပ်ရှားနေကြတဲ့ သူတို့တွေရဲ့ အကြောင်းကို နိုင်ငံတကာ သတင်းထောက်အဖွဲ့က စုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။

ခေတ်သစ်ကျွန်ပြုစနစ်နဲ့တောင် သဏ္ဍန်တူတဲ့ ဒီလုပ်ငန်းအကြောင်းကိုတော့ မသီဒါနွယ်က ပြောပြပေးမှာပါ။