ဆီးရီးယားအိမ်နီးချင်းတွေရဲ့ စိုးရိမ်မှု
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဆီးရီးယားအိမ်နီးချင်းတွေရဲ့ စိုးရိမ်မှု

ဆီးရီးယား နိုင်ငံက အခြေအနေတွေကို ဖြေရှင်း နိုင်ဖို့အတွက် ကမ္ဘာ့ နိုင်ငံပေါင်း ၈၅ နိုင်ငံနဲ့အဖွဲ့အစည်း ကြီးတွေက ကိုယ်စားလှယ် အဖွဲ့တွေ ဘယ်လ်ဂျီယံနိုင်ငံက ဘရပ်ဆဲလ်မြို့တော်မှာ တွေ့ဆုံ ဆွေးနေကြပါတယ်။

အဲဒီက လူမှုကူညီကယ်ဆယ်ရေးတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် ဆွေးနွေးနေကြတာဖြစ်ပါတယ်။ ဆီးရီးယား မှာ လူဦးရေရဲ့ ၃ ပုံ ၂ ပုံဟာ အကူအညီတွေလို အပ်နေပြီး တနေ့တခြားလည်း အခြေအနေတွေက ပိုဆိုးလာနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ဆီးရီးယား မြို့တော် ဒမတ်စကပ်စ် မြို့ စွန်က အရှေ့ဂူတာ အပါအဝင် သူပုန်တွေထိန်းချုပ်ထားတဲ့ ဒေသတွေကို အစိုးရ တပ်တွေကပြန်လည်သိမ်းပိုက်ခဲ့အပြီး မကြာခင်အတောအတွင်းမှာပဲ အခုလို ဆွေးနွေးပွဲကို ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။

နောက်ပြီးဆီးရီးယားရဲ့ အိမ်နီးချင်းနိုင်ငံတွေကလည်း စစ်ပွဲတွေဟာ နောက်ထပ်နေရာသစ်တွေမှာ ထပ်ဖြစ်လာနိုင်တယ်ဆိုပြီးစိုးရိမ်မှုတွေလည်းရှိနေပါတယ်။ ဂျော်ဒန်က ဘီဘီစီ သတင်းထောက် ယိုလန်နဲလ်ရဲ့ သတင်း ကိုအောင်သွင်ကပြောပြမှာပါ။

ဆက်စပ် အကြောင်းအရာများ