ကမ္ဘာ့နိုင်ငံတွေနဲ့ ဆက်ဆံရေး ကောင်းဖို့ အီရန်လုပ်မယ်

ကမ္ဘာ့နိုင်ငံတွေနဲ့ ဆက်ဆံရေး ကောင်းဖို့ အီရန်လုပ်မယ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နဲ့ ချုပ်ဆိုထားတဲ့နျူကလီးယား သဘောတူညီချက်ကနေအမေရိကန် ထွက်မလားဆိုတာကို မကြေညာသေးခင် နာရီပိုင်းအလိုမှာပဲ အီရန်သမ္မတ ဟာဆန် ရူဟာနီကလည်း အီရန်ဟာ ကမ္ဘာ့နိုင်ငံတွေနဲ့ အပြုသဘောဆောင်တဲ့ဆက်ဆံရေးတွေ ထားရှိဖို့ ဆက်ကြိုးစားသွားမယ်လို့ပြောပါတယ်။

ရုပ်မြင်သံကြားကနေတဆင့် ပြောကြားခဲ့တာဖြစ်ပြီး တကယ်လို့သာ အမေရိကန် နှုတ်ထွက်သွားခဲ့မယ်ဆိုရင် အီရန်အတွက် ပြဿနာတချို့ ရှိလာနိုင်မယ် ဒါပေမယ့် ကျော်လွှားသွားနိုင်မှာပါလို့ သူက ဆိုပါတယ်။

ဦးဘမော်က ပြောပြမှာပါ။