ဇွန် ၁၂ မှာ ကင်ဂျုံအွန်း နဲ့ တွေ့မယ့် သမ္မတ ထရမ့်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

သမ္မတ ထရမ့်နဲ့ ကင်ဂျုံအွန်းတို့ဟာ ဇွန်လ ၁၂ ရက်နေ့ကျရင် စင်္ကာပူမှာ တွေ့ဆုံကြမှာပါ။

တစ်ချိန်က အပြန်အလှန် စကား စစ်ထိုးခဲ့ကြတဲ့ သမ္မတ ထရမ့် နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း တို့ လာမယ့် ဇွန်လ ၁၂ ရက် အင်္ဂါနေ့ကျရင် စင်္ကာပူမှာ တွေ့ဆုံကြတော့မှာပါ။

ဒါဟာ အမေရိကန် သမ္မတ တစ်ဦးအနေနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ ပထမဆုံး အကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံမှုဖြစ်လာမှာပါ။

ဒီသမိုင်းဝင် တွေ့ဆုံပွဲကနေ သူ့အနေနဲ့ ကြီးမားတဲ့သဘောတူညီမှု ရလိမ့်မယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။

နောက်ပြီး တစ်ကမ္ဘာလုံးအတွက် ငြိမ်းချမ်းရေးရဖို့ တွန်းအားပေးသွားမယ်လို့လည်းဆိုပါတယ်။

ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီယား လက်နက်ကင်းရေး အပါအဝင် စစ်ရေးတင်းမာမှုတွေ လျော့ချဖို့ အတွက်လည်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

အပြည့်အစုံကိုတော့ ကိုမင်းထက်က ပြောပြေပေးမှာပါ။