ဂါဇာမှာ ကလေးတဦးအပါအဝင် ဆန္ဒပြ ပါလက်စတိုင်း ၄၁ ဦးသေဆုံး
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဂါဇာမှာ ကလေးတဦးအပါအဝင် ဆန္ဒပြ ပါလက်စတိုင်း ၄၁ ဦးသေဆုံး

ဂျေရုဆလင်မြို့မှာ အမေရိကန် သံရုံးဖွင့်တဲ့ကိစ္စအပေါ် မကျေနပ်လို့ ဆန္ဒပြပွဲတွေအတွင်း ဂါဇာမြို့က ၁၂ နှစ်အရွယ် ကလေးငယ်တဦးအပါအဝင် ပါလက်စတိုင်း ၄၁ ယောက် ထက်မနည်း သေဆုံးခဲ့ရပါတယ်။

အမေရိကန် သံရုံးကို တဲလ်အဗစ်ကနေ ဂျေရုဆလင်ကို ပြောင်းဖို့ စီစဉ်နေတဲ့အပေါ်မှာ မကျေနပ်လို့ ပါလက်စတိုင်း ရာပေါင်းများစွာ အစ္စရေးနဲ့နယ်စပ်က ဂါဇာမှာ သတင်း၆ ပတ်လောက် ဆန္ဒပြနေခဲ့ကြတာဖြစ်ပြီး နောက်ထပ် လူ ရာနဲ့ချီ ဒဏ်ရာရ ခဲ့တယ်လို့လည်း သတင်းတွေမှာ ဆိုပါတယ်။

ဒီသံရုံးသစ် ဖွင့်ပွဲကိုလည်း အမေရိကန်သမ္မတ ထရမ့်ရဲ့သမီး အီဗန်ကာနဲ့ ခင်ပွန်းသည်တို့ တက်ရောက်ခဲ့ပါတယ်။ မစ္စတာ ထရမ့်ကတော့ အစ္စရေးအတွက် နေ့ထူးနေ့မြတ် ဖြစ်တယ်လို့ တွစ်တာမှာ ရေးခဲ့ပါတယ်။ သူ အမေရိကန်သံရုံးကိုပြောင်းမယ်လို့ ဆုံးဖြတ်ခဲ့တဲ့နောက်မှာ ပါလက်စတိုင်းတွေကလည်း ဒေါသအမျက် ထွက်ခဲ့ကြသလို ကမ္ဘာနိုင်ငံတွေကလည်း ဝေဖန်မှုတွေ ထွက်ခဲ့ပါတယ်။ ကိုမိုးမြင့်က ပြောပြမှာပါ။