အင်ဒိုနီးရှားမှာ ဒုတိယအကြိမ် မိသားစုလိုက် အသေခံ ဗုံးခွဲတိုက်ခိုက်

အင်ဒိုနီးရှားမှာ ဒုတိယအကြိမ် မိသားစုလိုက် အသေခံ ဗုံးခွဲတိုက်ခိုက်

အင်ဒိုနီးရှား က ဆူရာ ဘာရာ ဆိပ်ကမ်းမြို့မှာ ၂ ရက်အတွင်း စတုတ္ထမြောက် အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေကို ကလေးတွေအပါအဝင် မိသားစု အလိုက်ကျူးလွန်ခဲ့ကြတာလည်းဖြစ်ပါတယ်။ အာဏာပိုင်တွေကတော့ အဲဒီ မိသားစုက မော်တော်ဆိုင်ကယ်တွေနဲ့ လာခဲ့ကြတာဖြစ်ပြီး ရဲစခန်း အနီးက စစ်ဆေးရေး စခန်း တခုမှာ ဖောက်ခွဲခဲ့ကြတာလို့ပြောပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကလည်း လူ ၅ ဦးပါတဲ့ မိသားစုရဲ့ အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၁၃ ဦး သေဆုံးခဲ့ရပါတယ်။ ကိုအောင်သွင်က ပြောပြမှာပါ။