မလေးရှား နိုင်ငံရေး အပြောင်းအလဲ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မလေးရှား ၀န်ကြီးချုပ်ဟောင်း နေအိမ်ကို ရဲက ဝင်ရောက်ရှာဖွေ

မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ် နေအိမ်နဲ့ ရုံးကို ရဲ့တပ်ဖွဲ့က ဗုဒ္ဓဟူးနေ့ညက ဝင်ရောက် ရှာဖွေခဲ့ပါတယ်။

ရဲက သူ့ရဲ့ ကိုယ်ပိုင် အချက်လက်တွေကိုလည်း သိမ်းယူခဲ့ပါတယ်။

အခုလို ရှာဖွေတာဟာ မစ္စတာ နာဂျစ် ကိုယ်တိုင် တည်ထောင် လုပ်ကိုင်ခဲ့တဲ့ နိုင်ငံပိုင် ရန်ပုံငွေကိစ္စ အပါအဝင် အဂတိ လိုက်စားမှု စွပ်စွဲချက်တွေနဲ့ ဆက်နွယ်နေတဲ့ စုံစမ်းစစ်ဆေးမှုရဲ့ တစိတ်တဒေသ ဖြစ်မယ်လို့ သူ့ရှေ့နေက ပြောပါတယ်။

မစ္စတာ နာဂျစ်ကတော့ သူဘာမှ အမှားမလုပ်ဘူးလို့ ငြင်းဆိုထားပါတယ်။

တစ်ချိန်တည်းမှာပဲ မစ္စတာ နာဂျစ် ကိုယ်တိုင် လွန်ခဲ့တဲ့ သုံးနှစ်က ထောင်ချခဲ့တဲ့ နိုင်ငံရေး သမား အန်နဝါ အီဗရာဟင်လည်း ဘုရင့် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ကနေ ပြန်လည် လွတ်မြောက်လာပါတယ်။

မစ္စတာအန်နဝါဟာ လာမယ့် နှစ်နှစ်ကျရင် ဝန်ကြီးချုပ်ဖြစ်လာဖို့ ယာထားခံရသူလည်း ဖြစ်ပါတယ်။

အပြည့်အစုံကိုတော့ ကိုမိုးမြင့်က ပြောပြပေးမှာပါ။

ဆက်စပ် အကြောင်းအရာများ