ဒေါ်လာ ၃.၆ သန်းဖိုး ပြုပြင်ထားတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကွင်း
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒေါ်လာ ၃ သန်းခွဲဖိုး ပြင်ထားတဲ့ ချန်ပီယံလိဂ်ကွင်း

မိုဟာမက်ဆာလားနဲ့ ခရစ်စတီယာနို ရိုနာလ်ဒိုတို့ ထိပ်တိုက် တွေ့ဆုံကြမယ့် ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့တော်က အားကစားကွင်းကြီးထဲ ကို လေ့လာကြည့်ရအောင်ပါ။

မေလ ၂၆ ရက် ည ကျရင် ဒီ အိုလံပစ် အားကစားကွင်းကြီးမှာ ဥရောပဖလား ချန်ပီယံလိဂ် ဗိုလ်လုပွဲ အဖြစ် အင်္ဂလန်က လီဗာပူးလ်နဲ့ စပိန်က ရီးရဲလ်မက်ဒရစ်တို့ ထိပ်တိုက် ရင်ဆိုင်ရတော့မှာပါ။ ရီးရဲလ်မက်ဒရစ် အသင်းက ချန်ပီယံလိဂ်မှာ ၁၂ ကြိမ် ဗိုလ်ဆွဲထားပြီး နောက်ဆုံး ၂ နှစ်ဆက်တိုက် ဖလားယူ ထားတဲ့ အသင်း ဖြစ်သလို လီဗာပူးလ် အသင်းကလည်း ဒီပြိုင်ပွဲမှာ ၅ ကြိမ် ဗိုလ်ဆွဲဖူးပါတယ်။

ဒီလို ထိပ်သီး ၂ သင်း ဆုံတွေမယ့် ပွဲကြီးပွဲကောင်းကို လက်ခံ ကျင်းပနိုင်ဖို့ ကိယက်ဗ် က အားကစားကွင်းကြီးကို ဒေါ်လာ ၃.၆ သန်း အကုန်အကျခံပြီး ပြုပြင်မွမ်းမံထားပါတယ်။ ရုပ်သံမှာ ရှုစားပါ။