သမ္မတ နှစ်ဦး တွေ့ဆုံဖို့ ထရမ့်ရှေ့နေ ငွေတွေယူခဲ့
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

သမ္မတ နှစ်ဦး တွေ့ဆုံဖို့ ထရမ့်ရှေ့နေ ငွေတွေယူခဲ့

အမေရိကန် သမ္မတ ထရမ့်နဲ့ ယူကရိန်း သမ္မတ တို့ တွေ့ဆုံပွဲ စီစဉ်ပေးဖို့အတွက် မစ္စတာ ထရမ့်ရဲ့ ရှေ့နေ မိုက်ကယ်ကိုဟင်က အနည်းဆုံး ဒေါ်လာ လေးသိန်းလောက် လျှို့ဝှက် ရယူခဲ့တာကို ဘီဘီစီက စုံစမ်းသိရှိခဲ့ပါတယ်။

ယူကရိန်းသမ္မတ ပက်ထရို ပေါ်ရိုရှန်ကို့ အတွက် အလုပ်လုပ်ပေးနေတဲ့ ကြားပွဲစားတွေက ဒီငွေတွေကို မိုက်ကယ် ကိုဟင်ထံ ပေးခဲ့တာ ဖြစ်တယ်လို့ ဒီကိစ္စကို ထဲထဲဝင်ဝင် သိတဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

နောက်ပိုင်းမှာတော့ ထရမ့်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်ရေး မန်နေဂျာဟောင်း ပေါ မနန်ဖော့လ် ကို စုံစမ်း စစ်ဆေးနေမှုတွေကိုလည်း ယူကရိန်းတို့က ရပ်တန့်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒီလို ငွေယူတဲ့ ကိစ္စရပ်တွေကိုတော့ မစ္စတာ ကိုဟင်က ငြင်းပါတယ်။

နောက်ပြီး ကြားပွဲစားလို့ နာမည်တပ်ထားတဲ့ လူ နှစ်ဦးကကော ကိုဟင်ရဲ့ မိတ်ဆွေလို့ ပြောနေကြတဲ့ ဖိလစ်ခ် စီတာ ရဲ့ ရှေ့နေကပါ ဒါကို ငြင်းပါတယ်။

ဒီ့အပေါ်မှာ မှတ်ချက် တစ်စုံ တစ်ရာပြောဖို့ကိုလည်း ယူကရိန်း သမ္မတ ပြောခွင့်ရသူက ငြင်းဆိုပါတယ်။

ဘီဘီစီ ထုတ်လုပ်ရေးမှူး ဆူဆန် ကီရင်ပူဝါး နယူးယောက်ခ်က သတင်းပေးပို့ထားတာနဲ့ ကီယက် မြို့ကနေ ဘီဘီစီ သတင်းထောက် ပေါလ်ဝုဒ် တို့ရဲ့ သတင်းတွေကို စုစည်းပြီး ကိုမိုးမြင့်က ပြောပြပေးမှာပါ။

ဆက်စပ် အကြောင်းအရာများ