mm
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြန်မာ့အရေးကမ္ဘာ့အရေး တက္ကသိုလ်ဝင်ခွင့်သစ် စမ်းသပ်ခံလား

နားဆင်နိုင်ပါပြီ။ တက္ကသိုလ် တချို့ ဝင်ခွင့်အသစ် ပုံစံဟာ စမ်းသပ်ခံလား ဆိုတာ ဆွေးနွေးထား ပါတယ်။

လာမယ့်၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကစပြီး ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ တက္ကသိုလ် ၁၁ ခုရဲ့ ဝင်ခွင့် လက်ခံတဲ့ ပုံစံကို ပြောင်းလဲ တော့မယ်လို့ အဆင့်မြင့် ပညာဦးစီး ဌာနက ပြောပါတယ်။

ဝင်ခွင့်တွေကို အရင်လို တက္ကသိုလ် ဝင်ခွင့် ရွေးချယ်ရေး အဖွဲ့က မရွေးတော့ဘဲ သက်ဆိုင်ရာ တက္ကသိုလ်တွေက သူတို့ အစီ အစဉ်နဲ့ သူတို့ ရွေးချယ်မှာ ဖြစ်တယ် လို့ ဆိုပါတယ်။

ဒီတော့ ဒီလို ရွေးချယ်တဲ့ စနစ်ဟာ ကျောင်းသားတွေ အတွက် ကောင်းကျိုး ဆိုးကျိုး ဘယ်လို ရှိစေနိုင်မလဲ ဒါဟာ နောက်ထပ် စမ်းသပ်မှုတခုလား။

အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသိန်းဝင်း၊ ရန်ကုန်နိုင်ငံခြား ဘာသာသင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်နဲ့

ပညာရေး စနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက် NNER အတွင်းရေးမှူးအဖွဲ့၀င် ဒေါ်သူသူမာ တို့ ပါဝင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဦးဘမော် တင်ဆက်ပေးထားပါတယ်။

ဆက်စပ် အကြောင်းအရာများ