မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှု ဘယ်လောက် ထိရောက်သလဲ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှု ဘယ်လောက် ထိရောက်သလဲ

သမ္မတ ထရမ့်နဲ့ ကင်ဂျုံအွန်းတို့ရဲ့ ထိပ်သီး ဆွေးနွေးပွဲ အထ မြောက်ဖို့အတွက် အမေရိကန် အဖွဲ့တစ်ဖွဲ့ မြောက်ကိုရီးယားကို ရောက်ရှိနေပါတယ်။

အစောပိုင်းတုန်းက တွေ့ဆုံဖို့ လျာထားတဲ့ ဆွေးနွေးပွဲကို သမ္မတ ထရမ့်ဘက်က ဖျက်သိမ်းလိုက်ပေမယ့် အခုတော့ ဆွေးနွေးပွဲ ပြန်ဖြစ်ဖို့ နှစ်ဘက်လုံးက ကြိုးစားနေပါတယ်။

ဒီထိပ်သီး ဆွေးနွေးပွဲ အောင်မြင်မှုရှိရင် စီးပွားရေး ပိတ်ဆို့ မှုတွေ ဖယ်ရှားနိုင်ဖွယ် ရှိပါတယ်။

ဒီပိတ်ဆိုမှုတွေရဲ့ အကျိုးသက်ရောက်မှုကရော ဘယ်လောက်ရှိပါလဲ။

ဘီဘီစီက မြောက်ကိုရီးယားနဲ့ တရုတ် နယ်စပ်ကို သွားရောက် သတင်းယူထားပါတယ်။

ကိုမိုးမြင့်က ပြန်ပြောပြပေးမှာပါ။