တောင်အာဖရိကရဲ့ ကျူးကျော်အိမ်ရာ ပြဿနာ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တောင်အာဖရိကရဲ့ ကျူးကျော်အိမ်ရာ ပြဿနာ

တောင်အာဖရိကနိုင်ငံမှာ ဆင်းရဲတဲ့သူတွေက မြေနေရာ အလွတ်တွေမှာ ကျူးကျော်အဖြစ် ဝင်ရောက်နေထိုင်ကြတာတွေ ပိုများလာနေပါတယ်။ အခုလို နေစရာမရှိတဲ့သူအများစုဟာ နိုင်ငံတွင်းက လူအများစုဖြစ်တဲ့ လူမည်းတွေဖြစ်ပြီး သူတို့ကို မြေနေရာပေးဖို့ အာဏာရ ANC ပါတီအပေါ်လည်း ဖိအားတွေ ရှိနေပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ တောင်အာဖရိက အစိုးရဟာ တချို့မြေတွေကို သိမ်းဖို့လည်း စဉ်းစားနေပါတယ်။ ဒါပေမယ့် ဒီအပေါ် မြေပိုင်ယာပိုင်တွေဖြစ်တဲ့ လူဖြူတွေက စိုးရိမ်နေကြပါတယ်။ အိမ်နီးချင်း ဇင်ဘာဘွေမှာ ရောဘတ် မူဂါဘီ လက်ထက်တုန်းကလို မငြိမ်သက်မှုတွေ၊ သွေးထွက်သံယိုမှုတွေ ဖြစ်လာမှုကို စိုးရိမ်နေကြပါတယ်။ ဒီအကြောင်း ကိုကျော်ဇေယျက ပြောပြထားပါတယ်။

ဆက်စပ် အကြောင်းအရာများ