aa
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေးဆွေးနွေးဖလှယ်

နားဆင်နိုင်ပါပြီ။ ခွေးလေခွေးလွင့်ထိန်းချုပ်ရေး ဆွေးနွေးခဲ့...

ခွေးလေ ခွေးလွင့် အန္တရာယ် နဲ့ ဘယ်နည်း ဘယ်ပုံ အကောင်းဆုံး ကိုင်တွယ် ဖြေရှင်း ကြမလဲ ဆိုတာ သောတရှင်တို့ ကိုယ်တိုင် ဆွေးနွေး ခဲ့ကြတာပါ။

ဒီလို ခွေးတွေကို အဆိပ်ကျွေး သတ်ဖြတ်တဲ့ နည်းနဲ့ ထိန်းချုပ် တာမျိုး မလုပ်ဖို့ ဆန္ဒ ပြတာတွေ ရှိသလို ခွေးလေ ခွေးလွင့် များလာ နေတာကြောင့် အများပြည်သူ အတွက် အန္တရာယ် ရှိသလို အနှောင့် အယှက် ဖြစ်နေ ကြရတဲ့ အတွက် တိုင်ကြား မှုတွေလည်း အပြား ရှိနေတာပါ။

ဦးဆောင် ဆွေးနွေးသူတွေ ကတော့ - ဒေါက်တာ လှမေဦး ရန်ကုန်စည်ပင် တိမွေးကုနဲ့ သားသတ်ဌာန လက်ထောက် ဌာနမှူး နဲ့ မမြတ်သက်မွန် ( ခွေးဂေဟာ ဖွင့် ထိန်းသိမ်းစောင့်ရှောက်သူ) တို့ ဖြစ်ကြ ပါတယ်။

သောတရှင်တို့ရဲ့ သဘောထား အမြင်တွေကိုလည်း ကြိုဆိုပါတယ်။

#လွတ်လပ်အတွေး

#ဘီဘီစီမြန်မာပိုင်း