အနောက်အာဖရိက နဲ့ ကင်ညာက ဘောလုံးအာဏာပိုင်တွေ လာဘ်စား

အနောက်အာဖရိက နဲ့ ကင်ညာက ဘောလုံးအာဏာပိုင်တွေ လာဘ်စား

အနောက်အာဖရိကနဲ့ကင်ညာက ဘောလုံး အာဏာပိုင်ပေါင်း ၁၀၀ ကျော်လောက် လာဘ်ငွေယူနေတာကို ကင်မရာနဲ့ မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။ ဂါနာက သတင်းထောက် အနတ်စ် အရီမီယော အနတ်စ်က ၂ နှစ်လောက် အချိန်ပေးပြီး စုံစမ်း ဖော်ထုတ်ခဲ့တာပါ။ ဘီဘီစီ အာဖရိက မျက်ဝန်း အစီအစဉ်က သူ့ ရဲ့ မှတ်တမ်း တွေကို ကြည့်ခွင့်ရခဲ့ပါတယ်။

အဲဒီထဲက တကြိမ်ဆို ကမ္ဘာ့ဖလား မှာ တာဝန်ထမ်းဆောင်မယ့် ကင်ညာက အကူဒိုင်တဦးဟာ ဂါနာအဆင့်မြင့်တန်း အသင်း တသင်းက တာဝန်ရှိသူ ဟန်ဆောင်ထားတဲ့ လူတယောက်ဆီက ဒေါ်လာ ၆၀၀ ကိုလာဘ်ယူခဲ့တာကို တွေ့ရပါတယ်။ ကိုမင်းထက်က ပြောပြမှာပါ။