အိမ်နီးချင်းတွေ ပိတ်ဆို့မှုကို တနှစ်ကြာ ကာတာ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အိမ်နီးချင်းတွေရဲ့ ပိတ်ဆို့မှု တနှစ်ကြာ ကာတာ

ကာတာကို ဆော်ဒီအာရေဗျ ဦးဆောင်တဲ့အိမ်နီးချင်း အာရပ်နိုင်ငံတွေက ပိတ်ဆို့ထားခဲ့တာ တနှစ် ရှိလာပြီဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေက ဒိုဟာဟာ သူတို့ရဲ့ ပြိုင်ဘက် အီရန်နဲ့လည်း နီးစပ်လွန်းသလို အကြမ်းဖက်မှုတွေကိုလည်း အားပေးနေတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။ ကာတာကတော့ဒါတွေကို ငြင်းဆိုခဲ့ပြီးအဲလ်ဂျဇီးရား သတင်းဌာနကို ပိတ်ခိုင်းတာမျိုး အပါအဝင် သူတို့ရဲ့တောင်းဆိုချက်တွေကိုလည်း မလိုက်လျောခဲ့ပါဘူး။ ဒီလိုပိတ်ဆို့ ကြတာဟာ လည်း သူတို့ရဲ့ကိုယ်ပိုင် အချုပ်အခြာအာဏာနဲ့လွတ်လပ်ခွင့်ကို ထိပါး စိန်ခေါ်တာဖြစ်တယ်လို့ ဆိုပါတယ်။ မသီဒါနွယ်က ပြောပြမှာပါ။