ကန် မြောက်ကိုရီးယား ဆွေးနွေးပွဲ အောင်မြင်လို့ နှစ်ဘက်စလုံးပြော
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကန် မြောက်ကိုရီးယား ဆွေးနွေးပွဲ အောင်မြင်လို့ နှစ်ဘက်စလုံးပြော

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းတို့ ရဲ့ သမိုင်းဝင် တွေ့ဆုံပွဲအပြီး နောက်နေ့မှာပဲ နှစ်ဘက်စလုံးက ဒီဆွေးနွေးပွဲမှာ အောင်မြင်မှု ရခဲ့ကြတယ်လို့ ပြောကြပါတယ်။ မစ္စတာ ထရမ့်ဟာ ဝါရှင်တန်မြို့တော်ကို ပြန်ရောက်လာပြီး နောက်မှာပဲ သူ့တွစ်တာ ပေါ်မှာ မြောက်ကိုရီးယားဟာ အန္တရာယ် အလွန်ကြီးတဲ့ နိုင်ငံမဟုတ်တော့ဘူး အားလုံးလုံလုံခြုံခြုံရှိနေမှာပါလို့ ဆိုခဲ့ပါတယ်။ တဘက်မှာတော့ မြောက်ကိုရီးယား ရဲ့အိမ်နီးချင်း နိုင်ငံတချို့က ဒီထိပ်သီး ဆွေးနွေးပွဲက ရခဲ့တဲ့ အဖြေအတွက်သိပ်ပြီး ယုံကြည်မှု မထားကြ သေးပါဘူး။ မသီဒါနွယ်က ပြောပြမှာပါ။