ဝေဖန်ခံနေရတဲ့ အမေရိကန်လူဝင်မှု ဥပဒေ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဝေဖန်ခံနေရတဲ့ အမေရိကန်လူဝင်မှု ဥပဒေ

အမေရိကန်နဲ့မက္ကဆီကိုနယ်စပ်မှာ ကလေး၂၀၀၀ ထက်မနည်းကို မိဘတွေနဲ့ သီးသန့်ခွဲထားတဲ့ အမေရိကန်ရဲ့ ပြင်းထန်တဲ့ လူဝင်မှုဥပဒေနဲ့ပတ်သက်လို့ သမ္မတ ထရမ့်က ကာကွယ် ပြောကြား လိုက်ပါတယ်။

ဒီမိုကရက်တွေဘက်က အခုလို ကလေးတွေကို ခွဲထားတာဟာ မယဉ်ကျေးတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ဆိုလိုက်သလို ဒီကိစ္စကို အကောင်အထည်ဖော်တဲ့ ပြည်ထဲရေးဝန်ကြီး ခရစ္စတင် နီလ်ဆင်ကိုလည်း နှုတ်ထွက်ပေးဖို့ ဖိအားပေးနေကြပါတယ်။ ဒါနဲ့ပတ်သက်လို့ သမ္မတ ကတော် မလာနီယာ ထရမ့်နဲ့ အရင် သမ္မတ ကတော်ဟောင်း လော်ရာဘုရှ်တို့ကလည်း စိုးရိမ်တဲ့အကြောင်းတွေ ပြောကြားခဲ့ပါတယ်။

ကိုထက်အောင်က ပြောပြမှာပါ။