လက်ဘနွန် တောင်ကုန်းမြင့်ပေါ် ငါးရုပ်ကြွင်းရှာသူ

လက်ဘနွန် တောင်ကုန်းမြင့်ပေါ် ငါးရုပ်ကြွင်းရှာသူ

လက်ဘနွန်က တောင်ကုန်းမြင့်တွေမှာ ရှေးသမိုင်းမတင်မီခေတ်က ငါးမန်းလိုရေနေသတ္တဝါတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေ အများအပြား တွေ့ရတတ်ပါတယ်။ ပီယဲ အဘီ ဆာဒ်ဟာ ကျောက်ဖြစ်ရုပ်ကြွင်း လေ့လာတဲ့ ပညာရှင်မိသားစုက တတိယမျိုးဆက်ကျောက်ဖြစ်ရုပ်ကြွင်းလေ့လာသူပညာရှင်တဦးဖြစ်ပါတယ်။ သူက သူ့ကလေးတွေကို ခေါ်ပြီးပင်လယ်ရေမျက်နှာပြင်

အထက် မီတာ ၈၀၀ လောက်မှာကျောက်ဖြစ်ရုပ်ကြွင်းတွေကို ရှာဖွေပါတယ်။ ၅ နှစ်အရွယ် ရာ့လ်ဖ်က ဆို ဒီပညာကိုသူလက်ဆင့်ကမ်း သယ်ယူသွားမယ်လို့တောင်ဆိုနေပါပြီ။ ကိုအောင်သွင်က ပြောပြမှာပါ။