ရွှေ့ပြောင်းသူတွေ အမေရိကန်ထဲ လှိမ့်ဝင်လာလို့ ထရမ့်ပြော

ရွှေ့ပြောင်းသူတွေ အမေရိကန်ထဲ လှိမ့်ဝင်လာလို့ ထရမ့်ပြော

အမေရိကန် သမ္မတ ထရမ့်နဲ့ ရီပတ်ပလစ်ကန်တွေက ကွန်ဂရက်လွှတ်တော်ထဲမှာ လူဝင်မှု ဥပဒေသစ်တွေပြဌာန်းဖို့ ကြိုးစားနေကြပြီး ဒါနဲ့ပတ်သက်လို့ လက်မခံသူတွေလည်း ရှိနေပါတယ်။

အထူးသဖြင့် မက္ကဆီကိုနဲ့ နယ်စပ်မှာ ဖြတ်ကျော်ဝင်ရောက် လာသူတွေရဲ့ ကလေးတွေကို သူတို့ မိသားစုတွေနဲ့ခွဲပြီး ထိန်းသိမ်း ထားတာနဲ့ပတ်သက်လို့ ဝေဖန်ပစ်တင်မှုတွေ ရှိနေပါတယ်။

တခါ သမ္မတ ထရမ့်က သူ့ရဲ့တွစ်တာမှာ ဒီရွှေ့ပြောင်းဝင်ရောက်လာသူတွေဟာ အမေရိကန် ပြည်ထောင်စုထဲကို လှိမ့်ဝင်လာနေပြီး တိုင်းပြည်ကို ဖျက်စီးနေတယ်လို့ ဆိုခဲ့တဲ့ နောက်မှာ ဒါနဲ့ပတ်သက်လို့တနည်းတဖုံဖြေရှင်းနိုင်ဖို့ကလည်း ပိုခက်သွားစေခဲ့ပါတယ်။

ကိုထက်အောင် က ပြောပြမှာပါ။