ထရမ့်လက်ထက် လူဝင်မှုကြီးကြပ်ရေး စနစ် ပြုပြင်နိုင်တော့မလား
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ထရမ့်လက်ထက် လူဝင်မှုကြီးကြပ်ရေး စနစ် ပြုပြင်နိုင်တော့မလား

အမေရိကန် ပြည်ထောင်စု လူဝင်မှု ကြီးကြပ်ရေး စနစ်ကို ပြုပြင်သွားဖို့အတွက် အမေရိကန် အောက်လွှတ်တော်အမတ်တွေ ကြာသပတေးနေ့မှာ မဲပေးသွားဖို့ ရှိပါတယ်။

အမေရိကန်ကို တရားမဝင် ဝင်ရောက်လာတဲ့ ကလေးတွေကို မိဘတွေနဲ့ ခွဲပြီး အမေရိကန် တောင်ပိုင်းမှာ ထိန်းသိမ်းထားတဲ့ သမ္မတ ထရမ့်ရဲ့ အစီအစဉ်ကို လူအများက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပြီးတဲ့နောက် အခုတော့ ဒါကို ရပ်နားလိုက်ပြီး ဖြစ်ပါတယ်။

ဒါကြောင့် အခုဆိုရင် ထိန်းသိမ်းခံထားရတဲ့ ကလေးတွေ မိဘတွေနဲ့ အတူနေခွင့် ပြုလိုက်ပါပြီ။

ဒါပေမယ့် အမေရိကန် နိုင်ငံတွင်းကို တရားမဝင် ဝင်ရောက်လာတဲ့ မိသားစုကတော့ အားလုံး ထိန်းသိမ်းခံရမှာ ဖြစ်ပါတယ်။

အပြည့်အစုံကိုတော့ ကိုမင်းထက်က ပြောပြပေးမှာပါ။