အကြမ်းဖက်အဖွဲ့တွေကို နှိမ်နင်းဖို့ နိုင်ငံတကာ ကြိုးပမ်း
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အကြမ်းဖက်အဖွဲ့တွေကို နှိမ်နင်းဖို့ နိုင်ငံတကာ ကြိုးပမ်း

ဆာဟာရ သဲကန္တာရဟာ အရင်တုန်းက လူသိပ်မနေတဲ့ လွင်တီးခေါင် သဲကန္တာရတစ်ခုပါ။ ဒါပေမယ့် အခုတော့ ရှေ့တန်းစစ်မြေပြင် အသစ်တစ်ခု ဖြစ်လာဖွယ် ရှိနေပါတယ်။

အာဖရိက မြောက်ပိုင်း ဆာဟဲလ် ဒေသမှာ အိုင်အက်စ်အဖွဲ့တွေနဲ့ ပတ်သက်တဲ့ အစ္စလာမ္မစ် အဖွဲ့နဲ့ အယ်လ်ကိုင်းဒါး အဖွဲ့တွေက အင်အားကြီးထွားလာနေလို့ သူတို့ကို တားဆီးဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ဒါကို တားဆီးဖို့ ကြိုးစားနေပါတယ်။

ဒီဒေသမှာ ပြင်သစ်တပ်တွေကလည်း အကြမ်းဖက်အဖွဲ့တွေကို ခြေရာခံနေပြီး မာလီမှာတော့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး သမား ထောင်နဲ့ချီ ရောက်နေသလို နီဂျဲမှာတော့ အမေရိကန်တို့က လေတပ်စခန်း အကြီးကြီးတစ်ခုကို ဆောက်လုပ်ထားပါတယ်။

ဘီဘီစီ အာဖရိက ဆိုင်ရာ သတင်းထောက် Alastair Leithead နီဂျဲကနေ ပေးပို့ထားတဲ့ အထူးသတင်းလွှာကိုတော့ ကိုအောင်သွင်က ပြန် ပြောပြပေးမှာပါ။