အီတလီ နဲ့ ရွေ့ပြောင်းသူတွေ အရေး
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရွေ့ပြောင်းသူတွေကို လက်မခံချင်တော့တဲ့ အီတလီ

ရွေ့ပြောင်းဒုက္ခသည် ၂၃၄ ဦးကို တင်ဆောင်လာတဲ့ ဂျာမန် ကယ်ဆယ်ရေး သင်္ဘောဟာ ဘေးကင်းမယ့် နေရာတစ်ခုမှာ ကမ်းကပ်ခွင့်ပြုဖို့ တောင်းဆိုလိုက်ပါတယ်။

အစောပိုင်းတုန်းကတော့ ဒီသင်္ဘောကို ဖမ်းဆီးသိမ်းယူသွားမယ်လို့ အီတလီနိုင်ငံက ခြိမ်းခြောက်ထားသလို ရွေ့ပြောင်း ဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ ဘယ် ကယ်ဆယ်ရေး သင်္ဘောမှ အီတလီနိုင်ငံမှာ ကမ်းကပ်ခွင့် ပြုတော့မှာ မဟုတ်ဘူးလို့ အီတလီ အစိုးရသစ်က ပြောကြားထားပါတယ်။

အီတလီ အစိုးရရဲ့ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ လူထုကြား အမြင် သဘောထားတွေကိုတော့ ကိုမင်းထက်က စုစည်း ပြောပြပေးမှာပါ။