Unreported World
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရှမ်းပြည်မြောက်ပိုင်းမှာ စေတနာ့၀န်ထမ်း စာသင်ပေးနေတဲ့ ကချင်ဆရာမလေး နှစ်ယောက် သတ်ခံရမှု တရားခံ မပေါ်သေး

ကချင်ဆရာမလေး တန်ဘောင်ခေါန်နန်စင် နဲ့ မရန် လုရာ တို့ အဓမ္မ ပြုကျင့် ခံရပြီး သတ်ဖြတ် ခံခဲ့ရတာ လေးနှစ်နီးပါး ရှိလာပြီ ဖြစ်ပေမဲ့ တရားခံတွေကိုတော့ အခုချိန်ထိ ဖမ်းဆီး အရေးယူနိုင်ခြင်း မရှိသေးပါဘူး။

တရားခံပေါ်ပေါက်ရေးနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ရဲတွေ အပြင် KBC နဲ့ ရှမ်းပြည်နယ်ထဲက ကချင် ရှေ့နေများ ကွန်ရက် အဖွဲ့ဝင်တွေ ဦးဆောင် ဖွဲ့စည်းထားတဲ့ အမှုမှန် ဖော်ထုတ်ရေး ကော်မတီက စုံစမ်း စစ်ဆေးနေခဲ့တာ ဖြစ်ပါတယ်။

တရားခံမပေါ်သေးတဲ့ ကချင်ဆရာမလေးများအမှု

လက်ရှိ အခြေအနေမှာ ဆရာမလေးတွေရဲ့ မိသားစု၀င်တွေကတော့ အမှန်တရား ထွက်ပေါ်လာရေးကို မျှော်လင့်လျက်ကြောင်း ဆရာမလေး တန်ဘောင် ခေါန်နန်စင် ရဲ့ မိခင် ပြောပြချက်ကို အမေ့ခံ ပုံရိပ်များ အစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။