ဂျူဒိုဒိုင်လူကြီးရဲ့ အောင်လပွဲသုံးသပ်ချက်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကမ္ဘာ့အဆင့် ဂျူဒိုဒိုင်လူကြီးရဲ့ အောင်လပွဲသုံးသပ်ချက်

ဇွန်လ ၂၉ ရက် သောကြာည ကျရင် ရန်ကုန်က သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံကြီးထဲမှာ စင်္ကာပူ အခြေစိုက် One Championship ရဲ့ Spirit of a warrior ကမ္ဘာ့ကိုယ်လုံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲကြီး ကျင်းပတော့မှာပါ။

အဲဒီမှာ မစ်ဒယ်ဝိတ်တန်း လက်ရှိချန်ပီယံ မြန်မာ့စပါးအုံးမြွေ Burmese Python အောင်လအာန်ဆန်း က စိန်ခေါ်သူ ဂျပန် နံပါတ်တစ် ကိုယ်ခံပညာရှင် ခန်ဟစဲ့ဂါဝါနဲ့ ရွှေခါးပတ် ကာကွယ်ပွဲ ယှဉ်ပြိုင် ထိုးသတ်ရမှာ ဖြစ်ပါတယ်။

နှစ်ယောက်လုံးက အဖမ်း၊ အချုပ် ဂျူဒို၊ ဂျူဂျစ်ဆု ကျွမ်းကျင်ကြသူတွေ ဖြစ်လို့ ဒီပွဲ ကို ဘယ်လို နည်းဗျူဟာ တွေ သုံး ပြီး တယောက်နဲ့ တယောက် အနိုင်ယူဖို့ ကြိုးစားကြပါမလဲ။

အပြည်ပြည်ဆိုင်ရာ ဂျူဒိုအဖွဲ့ချုပ် ဒိုင်လူကြီး တဦး ဖြစ်သူ မခင်ချမ်းမြေ့သူ ကတော့ အောင်လနဲ့ ခန်ဟစဲ့ဂါဝါ တို့ ပွဲအကြောင်း ပွဲကြို သုံးသပ်ချက် အဖြစ် ဘီဘီစီမြန်မာပိုင်း ကို အခုလို သုံးသပ် ပြထားပါတယ်။

မခင်ချမ်းမြေ့သူ ဟာ မြန်မာ့လက်ရွေးစင် ဂျူဒို အားကစားသမား အဖြစ် နိုင်ငံကိုယ်စားပြုဖူးသလို လက်ရှိ ကမ္ဘာ့အဆင့် လက်နက်မဲ့ တိုက်ခိုက်ရေး နည်းပညာရပ်များ ဆိုင်ရာ ဒိုင်လူကြီး အဖြစ်လည်း ဆောင်ရွက်နေသူ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ