ကန် သတင်းစာတိုက်တစ်ခု ပစ်ခတ်မှု ၅ ဦးသေဆုံးခဲ့
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

သေနတ်သမားလို့ ယူဆရသူဟာ အသက် ၃၈ နှစ်အရွယ် လူဖြူတစ်ဦးဖြစ်

အမေရိကန် ပြည်ထောင်စု မယ်ရီလန်း ပြည်နယ်တွင်းက Capital Gazette သတင်းစာတိုက်တစ်ခုမှာ သေနတ်သမားတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် လူ ၅ ဦး သေဆုံးသွားခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အန်နာပိုးလစ် မြို့က ဒီသတင်းစာတိုက်အတွင်းကို မှန်တံခါးပေါက် အပြင်ဘက်ကနေ သေနတ်သမားက ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

အခုတော့ သံသယရှိသူကို ရဲက စစ်ဆေးနေပြီး သူဟာ အသက် ၃၈ နှစ်အရွယ် လူဖြူ တစ်ဦးဖြစ်တယ်လို့လည်း ဆိုပါတယ်။

အပြည့်အစုံကိုတော့ ကိုရင်မောင် က ပြောပြပေးမှာပါ။

ဆက်စပ် အကြောင်းအရာများ