aa
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေးဆွေးနွေးဖလှယ်

နားဆင်နိုင်ပြီ။ ထိုင်းက အထောက် အထားမဲ့ မြန်မာ အလုပ် သမားတွေ အတွက် ဘာလုပ် ပေးနိုင်မလဲ...ဆွေးနွေးခဲ့...

ထိုင်းနိုင်ငံမှာ ရှိတဲ့ တရားမဝင် အလုပ် သမားတွေနဲ့ အထောက်အထား မခိုင်လုံသူ နိုင်ငံခြားသား အလုပ် သမားတွေကို အခု ဇူလိုင်လ ၁ ရက်နေ့က စလို့ စီမံချက်နဲ့ ဖမ်းဆီး အရေးယူတာတွေ စတင်တော့မှာ ဖြစ်ပါ တယ်။

အထောက် အထား လိုအပ်နေသူ အလုပ်သမားတွေ အတွက် သက်သေခံ လက်မှတ် (CI) ထုတ်ပေးတဲ့ သတ်မှတ်ချိန် ကုန်ဆုံး သွားပြီးတဲ့ နောက်မှာ အခုလို အရေးယူမှုတွေ စတင်မှာ လည်း ဖြစ်ပါတယ်။

ဒီတော့ တရားဝင် လက်မှတ် လိုအပ်နေ သေးတဲ့ မြန်မာ အလုပ်သမားတွေ အတွက် မြန်မာ အစိုးရ အနေနဲ့ ဘာတွေ ကူညီ ဆောင်ရွက် ပေးနိုင် မလဲ။ အလုပ် သမားတွေ အနေနဲ့ ကရော ဘာတွေလုပ်ပေး စေချင်ကြသလဲ ဆိုတာ သောတရှင်တို့ ကိုယ်တိုင် ပါဝင် ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

အလုပ် သမား သံအရာရှိ ဦးစန်းမောင်ဦး နဲ့ ရောင်ခြည်ဦး အလုပ်သမား အဖွဲ့က ကိုမိုးကျော် တို့က ဦးဆောင်ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

ပါဝင်ဆွေးနွေးသူ အားလုံးကို အထူး ကျေးဇူး တင်ပါတယ်။

ဆက်စပ် အကြောင်းအရာများ