မြန်မာ့အရေးကမ္ဘာ့အရေးအစီအစဉ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒီမိုကရေစီနိုင်ငံတည်ဆောက်နေချိန်မှာ မြန်မာ့တပ်မတော် အနေနဲ့ ဘယ်လို အပြောင်းအလဲတွေ လုပ်သင့်သလဲ

ဒီမိုကရေစီနိုင်ငံ တည်ဆောက် နေချိန်မှာ မြန်မာ့ တပ်မတော် အနေနဲ့ ဘယ်လို အပြောင်း အလဲတွေ လုပ်သင့်သလဲ ဆိုတာ ဦးဘမော်ဆွေးနွေး တင်ဆက်ထား ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွား ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ ကွပ်ကဲ စီမံဆောင်ရွက်မှု အားနည်းချက်များ ကြောင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ် မောင်မောင်စိုးကို တပ်မတော်က ထုတ်ပယ် လိုက်ပါတယ်။

အလားတူပဲ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ စစ်ဆင်ရေး အထူး အဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော ကိုလည်း စီမံ ဆောင်ရွက် ရာမှာ လိုအပ်ချက် တွေရှိခဲ့တဲ့ အပြင် ကျန်းမာရေး ချို့ယွင်း မှုကြောင့် မိမိသဘော ဆန္ဒ အလျောက် နုတ်ထွက်ခွင့် ပြုခဲ့တယ်လို့ တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့ပါတယ်။

ဥရောပသမဂ္ဂက သူတို့ ၂ ဦး အပါအဝင် တပ်မတော်နဲ့ လုံခြုံရေး တပ်ဖွဲ့တ တာဝန်ရှိသူတွေကို ဒဏ်ခတ် အရေးယူမယ်လို့ ကြေညာခဲ့ အပြီး အဲဒီလို ထုတ်ပြန်ချက် ထွက်လာခဲ့တာ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂ အပါ အ၀င် နိုင်ငံ တကာတွေ ရခိုင်မြောက်ပိုင်း စစ်ဆင်ရေး တွေမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ကျူးလွန်ခဲ့တယ် ဆိုပြီး စွပ်စွဲနေခဲ့ကြတာ ဖြစ်ပါတယ် တပ်ကတော့ ဒါကိုငြင်းပါတယ်။

ဒီတော့ အခုလို မြန်မာ နိုင်ငံမှာ ဒီမိုကရေစီ နိုင်ငံ တည်ဆောက် နေချိန်မှာ တပ်မတော်ကနေ ဒီလို တာဝန်ရှိသူ အရာရှိကြီးတွေကို အရေးယူမှုတွေဟာ ဒီမိုကရေစီကို ရှေ့ရှုတဲ့ အပြောင်း အလဲလို့ ယူဆ နိုင်မလား။

တပ်မတော်က ဘယ်လို လိုက်လျော ညီထွေ ဘယ်လို ပြောင်းလဲ လာသင့်သလဲ ဒီကနေ့ မြန်မာ့ အရေး ကမ္ဘာ့အရေး အစီ အစဉ်မှာ ဦးဘမော်က အငြိမ်းစား တပ်မတော် အရာရှိ သမိုင်းပညာရှင် ဒေါက်တာ အောင်မျိုး နဲ့ Yangon Centre for Independent Research ရန်ကုန် လွတ်လပ် သော သုတေသန စင်တာ ထူထောင်သူ ကိုစိုးမြင့်အောင် တို့ နဲ့ ဆွေးနွေး တင်ပြထား ပါတယ်။

ဆက်စပ် အကြောင်းအရာများ