အောင်လနဲ့ဂျပန်ပွဲ အကောင်းဆုံး ထိုးကွက်များ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အောင်လနဲ့ဂျပန်ပွဲ အကောင်းဆုံး ထိုးကွက်များ

စိန်ခေါ်သူ ဂျပန်ကို အလဲထိုးအနိုင်ယူခဲ့တဲ့ အောင်လအာန်ဆိုင်းရဲ့ ပွဲက အကောင်းဆုံး ထိုးကွက်တွေကို ပြန်လည် စုစည်း တင်ဆက်ထားပါတယ်။

ဝမ်းချန်ပီယံရှစ်ရဲ့ မစ်ဒယ်ဝိတ်တန်း ချန်ပီယံရွှေခါးပတ် ကာကွယ်ပွဲမှာ အောင်လအာန်ဆန်ဟာ ဂျပန်က စိန်ခါ်သူ ခန်ဟစဲ့ဂါဝါကို ငါးချီပြီးခါနီးမှာ အလဲထိုး အနိုင်ယူခဲ့တာပါ။

ပွဲဟာ အကြိတ်အနယ်ရှိပြီး နှစ်ဘက်စလုံး အထိနာခဲ့ပါတယ်။ ၅ ချီ မပြီးခင်လေးမှာပဲ အောင်လဟာ ဟစဲ့ဂါဝါကို အလဲထိုးနိုင်ခဲ့တာကြောင့် ဟစဲ့ဂါဝါဟာ မထနိုင်တော့တဲ့အတွက် ကြိုးဝိုင်းထဲကနေ ထမ်းစင်နဲ့ ထုတ်ခဲ့ရပါတယ်။

ဒီပွဲကို ဇွန်လ ၂၉၊ သောကြာညက ရန်ကုန် သုဝဏ္ဏအားကစားကွင်းမှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ