ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် စခန်း ကုလအတွင်းရေးမှူးချုပ် လာရောက်

ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် စခန်း ကုလအတွင်းရေးမှူးချုပ် လာရောက်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်ဟာ ဘင်္ဂလားဒေ့ရှ်ကို ရောက်နေပြီး ဒီနေ့ ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်ခဲ့ပါတယ်။ မစ္စတာ ဂူးတားရက်ရှ် နဲ့အတူ ကမ္ဘာ့ဘဏ် ဥက္ကဌ မစ္စတာ ဂျင်မ် ယုံ ကင်မ်လည်း လိုက်ပါသွားခဲ့ပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည် ၇ သိန်းထဲက နှစ်သိန်းလောက်ဟာ မိုးတွင်းရောက်လာတာကြောင့် ရွှေ့ပြောင်းနေရာချဖို့ လိုနေတယ်လို့ မစ္စတာ ဂူးတားရက်ရှ် က ပြောပါတယ်။ ဒုက္ခသည်တွေဟာ သူတို့နေရပ်ကို ဘေးကင်းလုံခြုံစွာ ပြန်သွားလိုကြတယ်လို့လည်း သူက ပြောပါတယ်။ အကြောင်းစုံကို ကိုအောင်သွင်က ပြောပြမှာပါ။