thai boys
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ထိုင်း လူငယ် တွေကို ကယ်တင် နိုင်ဖို့ နီးစပ်ပြီလား

ထမ်လွန် နမ့်နွန် ဂူထဲမှာ ပိတ်မိနေတဲ့ ထိုင်း လူငယ်လေးတွေ နဲ့ သူတို့ရဲ့နည်းပြ ကိုတော့ ဇွန်လ ၂ ရက်၊ တနင်္လာ နေ့ ည က ရှာဖွေ တွေ့ရှိခဲ့ရပါပြီ။

၁၀ ရက်ကြာ ခက်ခက်ခဲခဲ ရှာဖွေမှုတွေ လုပ်ခဲ့ပြီးနောက်မှ ပြန်လည်တွေ့ရှိခဲ့ရတာပါ။ ဒါပေမယ့် သူတို့ကို ဂူအပြင် ကယ်ထုတ် နိုင်ဖို့က အချိန်ယူ ရဦးမယ်လို့ ထိုင်းတာဝန် ရှိသူတွေက ဆိုနေပါတယ်။

ရေငုပ်ပြီး ကယ်ထုတ်မလား၊ ဒါမှမဟုတ် ရေကျ တဲ့ အထိ စောင့်ပြီး ကယ်ထုတ် မလား ဆိုတာ ဝိုင်းဝန်း ဆွေးနွေးနေကြပါတယ်။