သင်းခွေချပ်မှောင်ခိုသမားတွေကို ခြေရာခံနိုင်မယ့်နည်းသစ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

သင်းခွေချပ်မှောင်ခိုသမားတွေကို ခြေရာခံနိုင်မယ့်နည်းသစ်

ကမ္ဘာပေါ်မှာ မျိုးသုဉ်းပျောက်ကွယ်သွားနိုင်တဲ့ အန္တရာယ်တွေနဲ့ရင်ဆိုင်နေရတဲ့ တိရစ္ဆာန်တမျိုးဖြစ်တဲ့သင်းခွေချပ်တွေကိုကာကွယ်ထိန်းသိမ်းသွားနိုင်မယ့် နည်းသစ်တွေကို ဗြိတိသျှ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။

သင်းခွေချပ်ဟာ အကြေးခွံပါတဲ့ တမျိုးတည်းသော နို့တိုက်သတ္တဝါ ဖြစ်ပြီး မှောင်ခိုရောင်းဝယ်မှု အပြုခံရဆုံးလည်း ဖြစ်ပါတယ်။ သင်းခွေချပ်ကိုတရုတ် ရိုးရာ ဆေးတွေဖော်စပ်ရာမှာ သုံးသလို သူ့ အသားကိုလည်း စားကောင်းသောက်ဖွယ်အဖြစ် စားသုံးနေကြတာကြောင့် အခုလို ပျောက်ကွယ်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်လာနေရတာဖြစ်ပါတယ်။

ယူကေက ပို့စ်မောက်သ် တက္ကသိုလ်က သုတေသီ အဖွဲ့က ဒီလို မှောင်ခိုရောင်းဝယ်သူတွေကို ထောက်လှမ်းနိုင်မယ့် နည်းကို တွေ့ရှိထားပါတယ်။ ကိုရင်မောင်က ပြောပြမှာပါ။