ထိုင်းကလေးတွေရဲ့ ဒုတိယ ဗီဒီယို ထွက်လာ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ထိုင်းကလေးတွေရဲ့ ဒုတိယ ဗီဒီယို ထွက်လာ

ထိုင်းနိုင်ငံမှာ ဂူထဲမှာ ပျောက်ဆုံး နေရာက ပြန်ရှာတွေ့ခဲ့တဲ့ ကလေးတွေရဲ့ ဗီဒီယို ထပ်ထွက် လာပါတယ်။

အဲဒီ ဗီဒီယို ထဲမှာ ကလေး ၁၂ ယောက်လုံးနဲ့ သူတို့နည်းပြတို့ကို ကျန်းကျန်းမာမာ တွေ့ရပြီး သူတို့ရဲ့ နာမည်တွေနဲ့ အသီးသီး မိတ်ဆက် ခဲ့ကြပါတယ်။

ဒီတဖွဲ့လုံးကို ကယ်ထုတ်မယ်ဆို ကယ်ထုတ်နိုင်တဲ့ အခြေအနေမှာ ရှိတယ်လို့ ထိုင်း စစ်ဘက်က ပြောပါတယ်။ ဒါပေမယ့်လည်း ရေတွေ ကျမှ ကယ်ထုတ်ချင်လည်း ထုတ်မယ့် သဘောရှိလို့ နောက်ထပ် သတင်းပတ်နဲ့ချီပြီးလည်း ကြာနိုင်ပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေကတော့ ဘယ်လိုကယ်ထုတ်မလဲ ဆိုတာတွေကို ပြင်ဆင် လေ့ကျင့်နေသလို ဂူထဲက ရေတွေကိုလည်း စုတ်ထုတ်နေကြပါတယ်။

ကိုကျော်ဇေယျက ပြောပြမှာပါ။

ဆက်စပ် အကြောင်းအရာများ