ဘော့စနီးယားမှာ သောင်တင်နေတဲ့ ဒုက္ခသည်များ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဘော့စနီးယားမှာ သောင်တင်နေတဲ့ ဒုက္ခသည်များ

ဥရောပ သမဂ္ဂထဲ ကိုရောက်ဖို့ ရွှေ့ပြောင်း ဒုက္ခသည်တွေဟာ လမ်းကြောင်းများစွာကနေ ဝင်လာနေကြပါတယ်။

သူတို့ဟာ အဲလ်ဘေးနီးယားနဲ့ မွန်တီနီဂရိုးတို့ကို ဖြတ်ပြီး ဘော့စနီးယားကိုလာ နောက် ခရိုအေးရှားကို ဖြတ်ကျော်ဝင်ရောက်နေကြတာပါ။

နယ်ခြားစောင့် ရဲတွေက ပြန်ပြီး နှင်ထုတ်နေတဲ့အတွက် ဘော့စနီးယားမှာလည်း လူထောင်ပေါင်းများစွာ သောင်တင်နေပါတယ်။

အစိုးရက ကူညီတယ်ဆိုပေမယ့် သိပ်မများလှတာကြောင့် လူတွေဟာ ၁၉၉၀ ပြည့်နှစ်တွေ အတွင်းက ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကာလအတွင်းမှာ ပျက်စီးသွားခဲ့တဲ့ အဆောက်အအုံဟောင်းတွေမှာ ခိုလှုံနေထိုင်နေရပါတယ်။

ကိုထက်အောင်က ပြောပြမှာပါ။