မပြီးဆုံးသေးတဲ့ ဆီးရီးယား တိုက်ပွဲ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဆီးရီးယားအနောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်

ဆီးရီးယားနိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း သုံးသိန်း နှစ်သောင်းလောက် အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံးက ပြောပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ် နှစ်ပတ်ကျော်က အစိုးရ ထောက်ခံရေး တပ်တွေရဲ့ ထိုးစစ်ဆင် ဗုံးကြဲတိုက်ခိုက်မှုတွေ၊ လေကြောင်းကနေ တိုက်ခိုက်မှုတွေကြောင့် လက်နက်ကိုင် သူပုန်တွေ ထိန်းချုပ်ရာ နေရာတွေ ပျက်ဆီးခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံ ဒယ်ရယ်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲဖို့ ရုရှားအာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးတာ မအောင်မမြင် ဖြစ်ပြီးနောက်ပိုင်း တိုက်ပွဲတွေ အရှိန်အဟုန်မြှင့် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

အပြည့်အစုံကိုတော့ ကိုအောင်သွင်က ပြောပြပေးမှာပါ။