aa
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကူးလ်တက် - မြန်မာနဲ့ ဂြိုဟ်တု နည်းပညာ

နားဆင်နိုင်ပါပြီ။ ဂြိုဟ်တု (satellite) ပိုင်ဆိုင်ဖို့ ကြိုးစားနေတဲ့ မြန်မာ့ အနာဂတ် နည်းပညာ။

အခု လက်ရှိ သုံးနေတဲ့ ဆက်သွယ်ရေး ဂြိုဟ်တု ထက် ပိုမို စွမ်းအားမြင့် နောက်တလုံးကို တစိတ် တပိုင်း ပိုင်ဆိုင် တော့မယ့် မြန်မာ နိုင်ငံမှာ၊ အနာဂတ် ဂြိုဟ်တု ပိုင်ဆိုင်ရေး မျှော်လင့်ချက် တွေလည်း ရှိနေပါပြီ။

အမေရိကန် International Telecommunications Satellite Organization က လွှတ်တင်မယ့် Intelsat 39 ဂြိုဟ်တု ကို မြန်မာ နိုင်ငံက တစိတ် တပိုင်း ၀ယ်ယူမှာ ဖြစ်ပြီး မြန်မာ အတွက် အပိုင်းကို MyanmarSat 2 မြန်မာ စက်တူး လို့ နာမည် ပေးထားကာ ၂၀၁၉ မှာ လွှတ်တင် အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံ အတွက် အပိုင်းကို ဒေါ်လာ ၁၅၅ ဒသမ ၇ သန်းနဲ့ ဝယ်ယူမှာ ဖြစ်ပြီး ဂြိုဟ်တု သက်တမ်း အပြည့် ၁၅ နှစ် အထိ ပိုင်ဆိုင် အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။

ဒီတော့ မြန်မာ့ တယ်လီဖုန်း ဆက်သွယ်ရေး လုပ်ငန်းအပါ အဝင်၊ တခြား ကျန်းမာရေး ပညာရေး တွေ အတွက် ဘယ်လောက် အထိ အသုံးပြုလာ နိုင်တော့မလဲ။

ဒါ့အပြင် ဂြိုဟ်တု နဲ့ ကမ္ဘာကြီး ဘယ်လို ဆက်သွယ် အလုပ်လုပ် သလဲ ဆိုတာ အပါ အဝင် ဂြိုဟ်တု နည်းပညာ အကြောင်း ဂြိုဟ်တု ဆက်သွယ်ရေး အင်ဂျင်နီယာ ချုပ် ဦးဝင်းအောင် ရှင်းပြထားပြီး ကိုသက်ထွေးနိုင် တင်ဆက် ထားပါတယ်။

ဆက်စပ် အကြောင်းအရာများ