ေေ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြန်မာ့အရေးကမ္ဘာ့အရေး ဗိုလ်ချုပ်ရုပ်တုနဲ့ တိုင်းရင်းသား

နားဆင်နိုင်ပါပြီ။

တိုင်းရင်းသားဒေသတွေဖြစ်တဲ့ ပြည်နယ်တွေမှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူနေကြတာနဲ့ ဒါကို ကန့်ကွက် နေတာတွေနဲ့ပတ်သက်လို့ မြန်မာအရေး ကမ္ဘာ့အရေး အစီအစဉ်မှာ ဦးဘမော်က စီစဉ် တင်ပြထား ပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမှာကို ကရင်နီ လူငယ်မျိုးဆက်သစ် အဖွဲ့တွေ အပါအဝင် လူငယ် ရာနဲ့ချီက လွိုင်ကော်မြို့တွင်း လှည့်လည် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဒီအရင် ကလည်း တိုင်းနှင့် ပြည်နယ်တွေမှာ ဗိုလ်ချုပ် အောင်ဆန်းရုပ်တု စိုက်တာတို့ စိုက်ဖို့ ပြင်တာတို့ ရှိခဲ့ပြီး ယခု ကယား ပြည်နယ်လိုပဲ ကချင် ချင်းနဲ့ မွန် ပြည်နယ်တွေမှာ ကန့်ကွက်တာတွေရှိခဲ့ပါတယ်။

အခုလို သက်ဆိုင်ရာ အာဏာပိုင်တွေက ဗိုလ်ချုပ် အောင်ဆန်းရုပ်တု စိုက်တာတို့ ဗိုလ်ချုပ် နာမည် ပေးချင်တာတို့က ဘာရည်ရွယ်ချက်နဲ့လဲ၊ တိုင်းရင်းသားတွေဘက်က ကန့်ကွက် တာကကော ဘာကြောင့်လဲ၊ ဘယ်လို အကျိုးဆက်တွေဖြစ်လာနိုင်လဲ ။

ဦးဘမော် နဲ့ အတူ

မွန်အမျိုးသားပါတီရဲ့ အထွေထွေ အတွင်းရေးမှူး နိုင်လယီးတမတ်

ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘီတောင်

နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မီတီ အတွင်းရေးမှူး မုံရွာအောင်ရှင်

တို့ ပါဝင် ဆွေးနွေး ထားကြပါတယ်။