အပျော်နဲ့ ဆုံးခဲ့တဲ့ ထမ်လွမ်ဂူ ကလေး ကယ်ဆယ်ရေး
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အပျော်နဲ့ ဆုံးခဲ့တဲ့ ထမ်လွမ်ဂူ ကလေး ကယ်ဆယ်ရေး

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်မှာ ရှိတဲ့ ထမ်လွမ် ဂူအတွင်း သီတင်းနှစ်ပတ်ကျော် ပိတ်မိ နေခဲ့တဲ့ ထိုင်းလူငယ်တွေ အားလုံးနဲ့ သူတို့ရဲ့ ဘောလုံးနည်းပြ ဆရာတို့ကို ၃ ရက်အတွင်း အောင်အောင်မြင်မြင် ကယ်တင် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

တကမ္ဘာလုံး ရင်တမမနဲ့ စောင့်ကြည့်နေခဲ့ရတဲ့ သည်းထိတ်ရင်ဖို ကယ်ဆယ်ရေး လုပ်ငန်းစဉ်ကြီးကို အပြုံးတွေ၊ ဝမ်းသာမှုတွေ ပီတိတွေနဲ့ အဆုံးသတ် နိုင်ခဲ့တာပါ။

ထိုင်းပြည်သူတွေနဲ့ အတူ နိုင်ငံတကာ က ပူးပေါင်းပါဝင် မှုတွေကြောင့် အခုလို ကယ်တင် နိုင်ခဲ့တာပါလို့ တော်ဝင် ရေတပ် က ရေငုပ် ကယ်ဆယ်ရေး အဖွဲ့ကို ဉီးဆောင်ခဲ့တဲ့ ရေတပ်ဗိုလ်ချုပ်ကြီး က ဆိုလိုက်ပါတယ်။

ဒီအတွက်လည်း ဂုဏ်ယူရသလို ထိုင်းပြည်သူတွေလည်း ပျော်ရွှင်နေမယ်လို့ ယုံကြည် ကြောင်း သူက ဆိုခဲ့ပါတယ်။

ကယ်ဆယ်ရေး နောက်ဆုံးနေ့က မြင်ကွင်းတွေ၊ ကလေးတွေရဲ့ အခြေအနေတွေ အကြောင်းကို ကိုကျော်ဇေယျ က ပြောပြ ပေးမှာပါ။