အမေရိကန်နဲ့ ယူကေကြား ဆက်ဆံရေး
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

သမ္မတ တာဝန်ယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဗြိတိန်ရောက်လာတဲ့ သမ္မတ ထရမ့်

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ဟာ သမ္မတ တာဝန်ယူပြီးတဲ့ နောက်ပိုင်း ပထမဆုံး အနေနဲ့ ဗြိတိန်ကို ရောက်ရှိလာပါတယ်။

သူ့ရဲ့ခရီးစဉ်အတွင်း ဆန္ဒပြပွဲတွေလည်း ရှိလာနိုင်သလို ဗြိတိန် ဝန်ကြီးချုပ် ထရီဇာမေနဲ့ တွေ့ဆုံမှုကလည်း အဖုအထစ်လေးတွေ ရှိနိုင်ပါတယ်။

သမ္မတ ထရမ့်ဟာ ဗြိတိန်ကို မရောက်ခင်သေးမှာပဲ Brexit နဲ့ ပတ်သက်လို့ ကြား၀င် စွက်ဖက်ခဲ့ပြီး ဗြိတိန်ဟာ အကြပ်အတည်းတွေနဲ့ ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

အတိတ်ကာလတုန်းက ဗြိတိန်နဲ့ အမေရိကန်ကြား ဆက်ဆံရေး ပြေလည်ခဲ့ပေမယ့် သမ္မတထရမ့် လက်ထက်မှာ ဘယ်လို အခြေအနေရှိနေပါသလဲ။

ကိုမင်းထက်က ပြောပြပေးမှာပါ။