ပွဲဆူခဲ့တဲ့ သမ္မတ ထရမ့်ရဲ့ လန်ဒန်ခရီးစဉ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

သမ္မတ ထရမ့်ရဲ့ လန်ဒန်ခရီးစဉ်အတွင်း လူပေါင်း သိန်းချီ ဆန္ဒပြ

အမေရိကန် သမ္မတ ဖြစ်ပြီး နောက်ပိုင်း ဗြိတိန်ကို ပထမဆုံးအကြိမ် လာရောက်ခဲ့တဲ့ ဒေါ်နယ်ထရမ့်ရဲ့ ဗြိတိန်ခရီးစဉ်ဟာ အတော်လေး ပွဲဆူခဲ့ပါတယ်။

ဗြိတိသျှ ဘုရင်မကြီးနဲ့ ဝန်ကြီးချုပ် ထရီစာမေတို့နဲ့ တွေ့ဆုံခဲ့တဲ့ သောကြာနေ့မှာ သမ္မတ ထရမ့်ကို လန်ဒန်မြို့တ၀န်း လမ်းမတွေပေါ်မှာ လူပေါင်း သိန်းနဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။

နောက်ပြီး ဥရောပသမဂ္ဂကနေ ဗြိတိန် ခွဲထွက်ရေး ဝန်ကြီးချုပ် ထရီစာမေရဲ့ အစီအစဉ်ဟာ အမေရိကန်နဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေ အားလုံးကို အဆုံးသတ်သွားသလို ဖြစ်သွားတယ်လို့ သမ္မတ ထရမ့်က ကြာသပတေးနေ့တုန်းက The Sun သတင်းစာကို ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့လည်း ဝန်ကြီးချုပ် ထရီဇာမေရဲ့ ကျေးလက် စံအိမ်မှာ တွေ့ဆုံ အပြီး လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ မစ္စ မေကို ဝေဖန် ပြောဆိုခဲ့ခြင်း မရှိဘူးလို့ သမ္မတ ထရမ့်က ငြင်းဆိုခဲ့ပါတယ်။

သမ္မတထရမ့်ရဲ့ နှစ်ရက်တာ လန်ဒန် ခရီးစဉ် အကြောင်း ရူစားကြည့်ကြ ရအောင်ပါ။